ARAKAN ROHINGYA ORGANISATION ( ARO )
About Us


မြန်မာစစ်တပ်နှင့် အစွန်းရောက်ရခိုင်နိုင်ငံရေးသမားများမှ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့သော ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ၊ ကျနော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ အခွင့်အရေးနဲ့ အကာအကွယ်တွေအတွက် လုပ်ရှားဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေးအရ နှင့် စစ်ရေးအရ ကျနော်တို့ရဲ့ လူမျိုးနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်ဖြင့် အရ်ကာန် ရိုဟင်ဂျာ တပ်မတော်(Arakan Rohingya Army) နှင့် ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာများ ရင်ဆိုင်နေရသော မတရားမှုများကို ဖြေရှင်းဖို့ အတူတကွ ကြိုးပမ်းပြီး ကျွန်တော်တို့၏ ရပိုင်ခွင့်နဲ့ အထောက်အထားများကို ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အတိတ်၏ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးများ နောက်ထပ် မကြုံရစေရန် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်ပြီး လူ့အဖွဲ့အစည်းအတွင်း ကျွန်ုပ်တို့၏ မှန်ကန်သောနေရာကို ပြန်လည်ရယူခြင်းနှင့် ကျွန်ုပ်တို့ရပ်ရွာအေးချမ်းသာယာပြီး လုံခြုံစွာ ရှင်သန်နိုင်သည့် အနာဂတ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။
Our Vision
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ရိုဟင်ဂျာလူမျိုးများသည် ၎င်းတို့၏ ဘိုးဘွားဇာတိဖြစ်သော အာရ်ကာန်ပြည်နယ်တွင် အခြားသော တိုင်းရင်းသားလူနည်းစုများနှင့်အတူ ငြိမ်းချမ်းစွာနှင့် စည်းလုံးညီညွတ်စွာ အတူညီတွဲနေထိုင်နိုင်ရေးကို မျှော်မှန်းပြီး။ မတူကွဲပြားသောအသိုက်အဝန်းများအကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို ရေရှည်တည်တံ့သောအနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
Our Mission
၁။ ရိုဟင်ဂျာလူမျိုးမျာအား မြန်မာအစိုးရ နှ့င် အစွန်းရောက် ရခိုင်နိုင်ငံရေးသမား၏ စနစ်တစ်ကျ ကျူးလွန်လျက်ရှိနေသော လူမျိုးတုံး သုတ်သင်မှုကနေ ကာကွယ်ပေးရန်။
၂။ ရိုဟင်ဂျာဒုက္ခသည်အားလုံးဟာသူ တို့ရဲ့ နိုင်ငံသားအခွင့်အရေးများနှင့် ဆုံးရှုံးသွားခဲ့သည် ပိုင်ဆိုင်မှုအပြည့်အ၀ကို ပြန်လည်ရယူပြီး သူတို့ရဲ့ မွေးရပ်မြေကို ဂုဏ်သိက္ခာရှိစွာ ပြန်လည် သွားရောက်နေထိုင်နိုင်ရန်။
၃။ ယာယီနေထိုင်နေသည့် ဒုက္ခသည်စခန်းများတွင် ရှိနေသည့် အန္တရာယ်များ မှ ကာကွယ်မှုများပေးပြီး လုံလုံခြုံခြုံနဲ့ ဘေးကင်းစွာဖြင့် နေထိုင်နိုင်ရန်
၄။ ရိုဟင်ဂျာလူမျိုးများ ပိုမိုတောက်ပသောအနာဂတ်ဆီသို့ ရောက်ရှိနိုင်ရေးအတွက် လိုအပ်သော အစီအမံများအားလုံးကို လုပ်ဆောင်ရန် ။
Our Values
ကွဲပြားခြားနားသောဓလေ့ထုံးထမ်းများနှင့် ကိုးကွယ်ယုံကြည်မှုမတူညီသော တိုင်းရင်းသားလူမျိုးစုများအားလုံးကြား စည်းလုံးညီညွတ်ပြီး သဟဇာတရှိရှိ အတူညီတွဲနေထိုင်ရန် အချင်းချင်း အပြန်အလှန် လေးစားမှု၊ကရုဏာထားမှုနှင့် စာနာစိတ်ဖြင့် လူတိုင်းကိုဂုဏ်သိက္ခာနှင့် တရားမျှတစွာ ဆက်ဆံရမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။ တန်းတူညီမျှအခွင့်အရေးကို အသိအမှတ်ပြုပြီး လုပ်ဆောင်မှုတိုင်းတွင် တာဝန်ခံမှုနှင့် တရားမျှတမှု ရှိရမည်ဟု ယုံကြည်သည်။